The World of Pinkgold

The Value of a “Thumb”

Posted by: cuttiepinkgold on: November 9, 2009

Thumbup

“လက်မ တစ်ချောင်းရဲ့ တန်ဘိုး”

 

 

 

 

 

“ငါသာ အင်္ဂါမစုံတဲ့ လူတစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လိုနေမလဲ” ဆိုတဲ့အတွေးကို သင်တို့ တွေးဖူးကြပါသလား။ ခြေ ၊ လက် ၊ ခန္ဓာကိုယ်က တစ်ခြားကိုယ်အင်္ဂါတစ်ခုခု မပြည့်မစုံဖြစ်နေတဲ့လူတစ်ယောက်ဟာ ဘဝမှာရှင်သန်ဖို့ အတော်လေးကို ခက်ခဲပင်ပန်းစွာကြိုးစားအားထုတ်ရမှာ အမှန်ပါပဲ။ ကျွန်မ စာအုပ်တွေထဲမှာ ခြေနှစ်ဘက်လုံးပါမလာပဲ ဘ၀ကိုရပ်တည်နေတဲ့သူတွေအကြောင်း၊ လက်နှစ်ဘက်လုံး ပါမလာပဲ ဘယ်သူ့အထောက်အပံ့ကိုမှမယူ ကိုယ့်ဝမ်းစာကို ရှာဖွေစားသောက်နေတဲ့ သူတွေအကြောင်း၊ မျက်စိနှစ်လုံး ကွယ်နေရက်နဲ့ အသက်မွေးဝမ်းကျောင်းအတွက် အားတက်သရော အလုပ်လုပ်နေတဲ့ သူတွေအကြောင်းကို အများကြီးဖတ်ဖူးပါတယ်။ မြန်မာပြည်မှာလည်း ဗိုလ်ချုပ်ခင်ညွှန့်မြှောက်စားခဲ့ဖူးတဲ့ ကလေးလေးတစ်ယောက်ရှိပါသေးတယ်.. လက်ချောင်းလေးတွေ ပါမလာပေမယ့် ခြေထောက်တွေကို အသုံးပြုပြီး ကွန်ပျူတာ အရမ်းကျွမ်းကျင်တဲ့ ကလေးငယ်လေးရဲ့ နာမည်ကို ကျွန်မသတိတော့ မရမိတော့ဘူးရှင့်။ သူတို့တွေအကြောင်းကို ဖတ်ရတော့ ရင်ထဲမှာမကောင်းဖြစ်မိတာမှန်သလို၊ သူတို့လေးတွေရဲ့ ဘဝကို ကရုဏာလည်း သက်မိတာမှန်ပေမယ့် မရှိရင်တော့ ရှိတာလေးနဲ့ပဲ ကြိုးစားရပ်တည်ကြရမှာ သဘာဝပါပဲလေ ဆိုတဲ့အတွေးမျိုးသာ ရှိခဲ့ဖူးပါတယ်။ ကိုယ့်မှာသာ အင်္ဂါမစုံ ဖြစ်ခဲ့ရင်ဆိုတာကို ကျွန်မလက်မကိုက်ခဲနာကျင်တဲ့ နေ့ကျမှ ပြန်တွေးမိပြီး ထိတ်လန့်ခဲ့မိတာတော့ အမှန်ပါပဲ။

လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်မလက်ချောင်းလေးတွေ အဆစ်တွေကိုက်ခဲပြီး ရောင်ကိုင်းနေခဲ့တယ်။ တစ်ခြားလက်ချောင်းလေးတွေက သိပ်မသိသာပေမယ့် ညာဘက်လက်မ တစ်ချောင်းကတော့ အတော်လေးကို အခြေအနေဆိုးတယ်ရှင့်။ ကိုက်ခဲလိုက်တာများ တစ်စစ်စစ်နဲ့ ညဘက်တွေတောင် အိပ်လို့မရတဲ့ အထိကို ဖြစ်ခဲ့တာပါ။ ဖြစ်တာကလည်း ညာဘက်ဆိုတော့ အတော်လေးကို ကသီလင်တနိုင်ပါတယ်။ ကျွန်မ ထမင်းစားရတာ အရမ်းအခက်အခဲတွေ့တယ် ၊ ပစ္စည်းတွေကိုင်ရတာလည်း အဆင်မပြေဘူး၊ ရေချိုးရတာလည်း အဆင်မပြေဘူး၊ အဝတ် ဝတ်ရတာ ၊ တစ်ခြားအလုပ်တွေ လုပ်ရတာ ဘာမှကို မလုပ်နိုင်အောင်ပါပဲ။ ဘယ်လက်ကလည်း လုပ်နေကျ အကျင့်မရှိတော့ အလုပ်ဖြစ်ဖို့ အတော်လေးကို အချိန်ယူရ ၊ အားတွေယူရပါတယ်။ အဲ့ဒီတော့မှ ခန္ဓာကိုယ်ရဲ့ အင်္ဂါတစ်ခုခု မကောင်းတာဟာ နေ့စဉ်နေထိုင်မှု ဘဝမှာ အတော်လေးကို အခက်အခဲ ကြုံစေပါလားဆိုတာကို ကျွန်မ လေးလေးနက်နက်ကြီးကို စဉ်းစားမိပါတော့တယ်။ ခြေ ၊ လက် တစ်ခုလုံး ကျိုးပဲ့သွားတာတောင် မဟုတ်ပဲ လက်မလေး တစ်ချောင်း ကိုက်ခဲ ရောင်ရမ်းနေရုံလေးကတောင် ဒီလိုအခက်အခဲတွေကို ကြုံစေရင် ဒီထက်ဆိုးတဲ့အခြေအနေတစ်ခုကို ကျွန်မမတွေးရဲအောင်ပါပဲ။

ခုတော့ ကျွန်မ ကိုယ်အင်္ဂါတွေကို အရင်ကထက်ပိုပြီး သိပ်ချစ်တတ်သွားခဲ့ပါပြီ။ သူတို့ကို အရှိအကို အရှိအတိုင်းပဲ ထားတာမျိုးမဟုတ်ပဲ အထိခိုက်အောင် ဂရုစိုက်နေထိုင်ရမယ်ဆိုတာလည်း သဘောပေါက်သွားပါပြီ။ ကိုယ်အင်္ဂါမပြည့်စုံတဲ့ သူတွေကိုလည်း ရင်ထဲ အသဲထဲကထက်ပိုတဲ့ စာနာမှုမျိုးထက် စာနာတတ်သွားပါပြီ။ ကိုယ်လက်အင်္ဂါပြည့်ပြည့်စုံစုံနဲ့ ရှင်သန်နေထိုင်ခွင့်ရနေတဲ့အတွက် ရှေးဘ၀က ကုသိုလ်အကျိုးပေးတွေကို နားလည်သဘောပေါက်ပြီး ဒီဘဝမှာလည်း ကောင်းကျိုးများကိုသာ များများဆောင်ရွက်သွားရမယ်ဆိုတာကိုလည်း ဆင်ခြင်မိသွားပါပြီ။ ကျွန်မရဲ့ သူငယ်ချင်းတွေ ၊ ကျွန်မဘလောဂ့်ကို လာဖတ်ကြတဲ့သူတွေကိုလည်း မိမိမှာ အကောင်းအတိုင်းရှိနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပိုမိုတန်ဘိုးထား ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်ရှင်။

Recipe.all-channel.com

Posted by: cuttiepinkgold on: November 6, 2009

2009-11-06_090125

မြန်မာတွေအားလုံးအတွက် ကဏ္ဍအားလုံးကို စုံအောင်တင်ဆက်ပေးနေကျဖြစ်တဲ့ All Channel မှ မြန်မာတွေကိုသာမက ၊ တစ်ခြားနိုင်ငံသားတွေအတွက်ပါ ခံတွင်းမြိန်မြိန်စားသောက်စေနိုင်ဖို့ အရသာရှိတဲ့ ဟင်းလျာတွေကို ဘယ်လိုချက်ရမယ်ဆိုတဲ့ Recipe ကဏ္ဍကို ဖွင့်လှစ်လိုက်ပြန်ပါပြီး။

အစရှိတဲ့ ဟင်းလျာမျိုးစုံရဲ့ ချက်နည်းပြုတ်နည်းတွေကို စုံလင်စွာဖော်ပြပေးထားပါတယ်။ အချက်အပြုတ်ကို စိတ်ဝင်စားသူတွေလည်း သွားရောက်လေ့လာ သင်ယူနိုင်တဲ့ ဆိုဒ်လေးတစ်ခု ဖြစ်ပါတယ်။ ကဲ All Channel Recipe ကဏ္ဍလေးမှာ ဘယ်လိုဟင်းချက်နည်းတွေကို တွေ့နိုင်တယ်၊ ဘာတွေကို ဖော်ပြထားတယ်ဆိုတာကို ကိုယ်တိုင်ပဲ သွားရောက်လေ့လာကြည့်လိုက်ပါတော့ရှင်။

Tags:

Good News for Every Bloggers and Online Writers

Posted by: cuttiepinkgold on: November 5, 2009

People_Nov09_Cover_REV2တစ်ခါတုန်းက ကျွန်မရေးခဲ့ဖူးတဲ့ လက်ကိုင်နည်းဆယ်ချက် ဆိုတဲ့ဆောင်းပါးလေးကို နိုဝင်ဘာလထုတ် People Magazine မှာ မြင်တွေ့ခွင့် ရလာပါပြီ။ ကျွန်မရဲ့ ဆောင်းပါးကို ဖော်ပြပေးကြသော People Magazine မှ အယ်ဒီတာများကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောပါရစေရှင်။

မြန်မာ People Magazine ကနေ What’s hot online? ဆိုတဲ့ ကဏ္ဍလေးကို ဖွင့်လှစ်ပေးခဲ့တာ အတော်လေးတော့ ကြာခဲ့ပါပြီရှင်။ ကျွန်မသတိထားမိသလောက် အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ဆောင်းပါးလေးတွေ၊ မှတ်သားစရာလေးတွေကို Print Media ကို ဖတ်တဲ့ပရိတ်သတ်တွေကို ပြန်လည်ဝေငှပေးတဲ့ သဘောပါ။ အရင်တုန်းကတော့ အီမေလ်းတွေကနေ အဆင့်ဆင့် Forward လုပ်တဲ့ ဆောင်းပါးတွေဟာ People ရဲ့ စာမျက်နှာထက်ကို ရောက်ရောက်လာတတ်ကြပါတယ်။ သက်ဆိုင်ရာ အယ်ဒီတာတွေကလည်း သင့်တော်ကောင်းမွန်တဲ့ စာလေးတွေကို ရွေးချယ်ဖော်ပြပြီး စာရေးသူကိုသိရင် အမည်ဖော်ပြပေးကြသလို ၊ source လိုက်လို့ မရခဲ့ဘူးဆိုရင်လည်း အင်တာနက်မှ အမည်မသိကလောင်ရှင်များကို ဂုဏ်ပြုတင်ဆက်ပါသည် ဆိုပြီးဖော်ပြခဲ့ပါတယ်။ မနိုင်းနိုင်းစနေမရွှေပြည်သူ ၊ မအိမ့်ချမ်းမြေ့ကိုပီကေ အစရှိတဲ့ ဘလောဂ့်ဂါတွေရဲ့ စာတော်တော်များများကိုလည်း တင်ဆက်ဖော်ပြခဲ့ပါတယ်။ Print Media တစ်စောင် အနေနဲ့ အွန်လိုင်းပေါ်ကစာတွေကို ကူးယူဖော်ပြတဲ့အတွက် ဝေဖန်မှုဒဏ်တော်တော်များများကိုလည်း People Magazine အနေနဲ့ ခံခဲ့ရဖူးပါတယ်။ ဒါကြောင့်လည်း အယ်ဒီတာတွေအနေနဲ့ စာတစ်ပုဒ်ကိုကြိုက်ရင် အင်တာနက်ထဲမှာ စာရေးသူကို မရ ရအောင်ရှာပြီး credit ပေးသလို ၊ လုံးဝ ရှာလို့ မရခဲ့ရင်လည်း အင်တာနက်မှ ကူးယူဖော်ပြသည်ဆိုတာလေးကို အမြဲထည့်ပေးပါတယ်။ People ရဲ့ ကိုယ်ပိုင်စာအဖြစ်နဲ့တော့ ဘယ်တုန်းကမှ မဖော်ပြခဲ့ဖူးတာကိုတော့ ကျွန်မကိုယ်တိုင် သတိထားမိနေပါတယ်။

အွန်လိုင်းမှာ စာရေးနေကြတဲ့ ၀ါသနာရှင်တွေကလည်း မိမိတို့ရဲ့ စာမူတွေကို ဒီကဏ္ဍလေးသို့ ပေးပို့နိုင်ကြပါတယ်။ people.online@inforithm-maze.com ကို အီးမေလ်းပို့ပြီး မိမိတို့ရေးသားထားတဲ့ စာတွေကို ပို့နိုင်ကြပါတယ်ဆိုတဲ့အကြောင်း ဘလောဂ့်ဂါအပေါင်းနဲ့ တစ်ခြား အွန်လိုင်းပေါ်မှ စာရေးသူများကို သတင်းကောင်းလေး ပါးလိုက်ရပါတယ်ရှင်။ ကိုယ့်ရဲ့ စာမူတွေကို စာမျက်နှာထက်မှာ မြင်တွေ့ခွင့်ရမယ့် အခွင့်အရေးဖြစ်လို့ မသိလိုက်ရ မဖြစ်လေအောင် ပိုစ့်ရေးပြီး တင်လိုက်ရကြောင်းပါရှင်။

Miss People 2009 Yangon is successfully finished!

Posted by: cuttiepinkgold on: November 4, 2009

Myanmar People Magazine ကနေကြီးမှူးကျင်းပဲတဲ့ Miss People 2009 Style Competition and People Charity Bazzar ကို 2009 ခုနှစ် ၊ နိုဝင်ဘာလ (၁) ရက်နေ့ ၊ တန်ဆောင်မုန်း လပြည့်နေ့မှာ အင်းလျားလိတ်ဟိုတယ် မြက်ခင်းပြင်မှာ ကျင်းပပြုလုပ် ပြီးစီးခဲ့ပါတယ်။ ညနေ (5) နာရီမှာ The Trees Band နဲ့အတူ နာမည်ကြီးအဆိုတော်များက မေတ္တာဖြင့် သီဆိုဖျော်ဖြေပေးကြတဲ့ စိတိတ်ရှိုးကို စတင်ခဲ့ပါတယ်။ ညနေ (7) နာရီမှာတော့ စတိုင်မိုက်သူတွေ စိန်ခေါ်ကြတဲ့ Miss People ပြိုင်ပွဲကြီးကို ထူးခြားဆန်းပြားတဲ့ အခမ်းအနား အစီအစဉ်များနဲ့ စတင်ခဲ့ပါတယ်။ Miss People 2009 စတိုင်ပြိုင်ပွဲကြီး အကြောင်းကိုတော့ Miss People Official Blog မှာ ဖတ်နိုင်ပါတယ်ရှင်။

Happy Wedding, Ma Nine Nine Sanay

Posted by: cuttiepinkgold on: October 30, 2009

မနိုင်းနိုင်း မင်္ဂလာဆောင်တော့မယ် ဆိုတဲ့သတင်းဟာ ကျွန်မအတွက်တော့ တစ်ကယ်ကို အထူးအဆန်းပါပဲ။ မနိုင်းနိုင်းကို အပျိုကြီးဘ၀နဲ့ပဲ ဆက်လက်ရှိနေစေချင်တာမျိုး မဟုတ်ပေမယ့် ရုတ်တစ်ရက်ကြီး ကြားလိုက်ရတဲ့အတွက် အံ့သြမှင်သက်သွားခဲ့မိတာတော့ အမှန်ပါ။

2009 ခုနှစ် ၊ အောက်တိုဘာလ (28) ရက်နေ့က ကမ္ဘာကျော် ဘလောဂ့်ဂါ မနိုင်းနိုင်းစနေရဲ့ မင်္ဂလာဆောင်ပွဲကို Western Park မှာ ကျင်းပခဲ့ပါတယ်။ အမျိုးသားကတော့ အမေရီးကားမှာနေတဲ့ ကိုမင်းမင်းဆိုတဲ့ အကိုပါရှင်။ မနိုင်းနိုင်းရဲ့ မင်္ဂလာပွဲကို နှစ်ဘက်မိဘ ဆွေမျိုးသားချင်း သူငယ်ချင်းများအပြင် နာမည်ကြီး ဘလောဂ့်ဂါများပါ တက်ရောက်ခဲ့ပါတယ်။ အထူးဧည့်သည်အနေနဲ့ကတော့ စင်ကာပူက ခဏပြန်လာတဲ့ ကျွန်မတို့ သူငယ်ချင်း မောင်ပွတ်ကလည်း တက်ရောက်အားပေးခဲ့ပါတယ်။

ကိုမင်းမင်းနဲ့ မနိုင်းနိုင်းစနေ (ခ) မမီးမီး တို့နှစ်ယောက် အသက်ထက်ဆုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးပေါင်းစည်း နိုင်ကြပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်ရှင်။ ပျော်ရွှင်သာယာ သိုက်သိုက်ဝန်းဝန်းရှိသော မိသာစုတစ်ခုကိုလည်း ဖန်တီးနိုင်ကြပါစေ။

img3855e

img3906

img3911j

Image Hosted by ImageShack.us

Tags:

Things around Love

Posted by: cuttiepinkgold on: October 18, 2009

အချစ်ဆိုတာ လူသားတိုင်းရဲ့ ဘ၀မှာ မဖြစ်မနေ ကြုံတွေ့ကြရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိဘ ညီအစ်ကိုမောင်နှစ်မ သူငယ်ချင်း ချစ်သူ.. စတဲ့ များပြားလှစွာသော အချစ်များနဲ့သာ ကျွန်မတို့ အသက်ရှင်သန် နေထိုင်ကြရတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ အချစ်ဆိုတာ အသက်ရှင်သန်ဖို့ မရှိ မဖြစ်လိုအပ်တဲ့ အရာလိုတောင် ဆိုချင်ပါတယ်။ အချစ်ဆိုတာ ကျွန်မတို့ နှလုံးသားကနေ ပေါက်ဖွားလာပြီး ကျွန်မတို့တွေရဲ့ စိတ်ခံစားချက်များစွာနဲ့ တိုက်ရိုက်သက်ဆိုင်မှု ရှိပါတယ်။ လူတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်း ၊ ၀မ်းနည်းခြင်း ၊ အောင်မြင်ခြင်း ၊ ကျရှုံးခြင်း ၊ ကိုယ်ချင်းစာစိတ်ရှိခြင်း ၊ အတ္တစိတ်ကြီးမားခြင်းတွေဟာ အချစ်ကိုခံစားမိလို့ ၊ အချစ်နဲ့ ထိတွေ့မိလို့ ဖြစ်ပေါ်လာရတယ်ဆိုရင် တစ်စိတ်တစ်ပိုင်းအားဖြင့် မှန်တယ်လို့ ကျွန်မက ဆိုချင်ပါတယ်။ အချစ်ဆိုတာ ကျွန်မတို့ရဲ့ လူနေမှုစရိုက်နဲ့ ကျွန်မတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဆီမှာ များစွာအကျိုးသက်ရောက်မှု ရှိပါတယ်။

“The Art of Love” ဆိုတဲ့ စာအုပ်ကိုရေးသားတဲ့ Erich Formm ဆိုသူကတော့ “လူတိုင်းကို မချစ်နိုင်ပဲနဲ့ လူတစ်ယောက်တည်းကို စစ်မှန်စွာ မချစ်နိုင်ပါဘူးတဲ့” ။ ဒီစကားက စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်မဟာ လူတိုင်းကို မသိ ၊ မချစ်ပဲနဲ့ ကျွန်မချစ်ချင်တဲ့သူတွေကို ချစ်နေနိုင်တာပါပဲ။ သူဘာကြောင့် ဒီလိုပြောဆိုခဲ့သလဲ ဆိုတာတော့ ကျွန်မလည်း မသိပါဘူး။ သူကတော့ လူတိုင်းကို မေတ္တာထားတတ်ဖို့ အလေးပေးပြောဆိုခဲ့တာ နေပါလိမ့်မယ်။ ကျွန်မ စဉ်းစားမိတာကတော့ လူတိုင်းကို ချစ်မနေနိုင်ရင်တောင် လူတစ်ဦး တစ်ယောက် အုပ်စုလိုက်အပေါ်မှာ နားလည်ခံစားမှု အဆင့်အမျိုးမျိုး ရှိဖို့ လိုအပ်လိမ့်မယ်ထင်ပါတယ်။ လူတွေကို နားလည်ပေးတတ်ဖို့ လိုပါတယ်။ နားလည်ပေးတတ်ဖို့ ဆိုတာကလည်း လူတွေရဲ့ စိတ်လိုအပ်ချက်တွေဟာ ဘယ်အချိန်မှာ ၊ ဘယ်လိုလူမျိုးမှာ ဘာရှိနေတယ်ဆိုတာ အကြမ်းဖျင်းသိနေတဲ့ ဗဟုသုတရှိဖို့ လိုအပ်ပါတယ်။ Erich Formm ကတော့ အချစ်ဆိုတာ အရေးကြီးမှန်း လူတိုင်းသိနေကြပေမယ့် ချစ်တတ်ဖို့ ၊ အချစ်စွမ်းအင်ကို ဘယ်လိုမြှင့်တင်ဖို့ဆိုတာကိုတော့ တစ်ယောက်ကမှ မလေ့လာပဲ အမှုမဲ့ အမှတ်မဲ့ နေကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူတွေပြောပြောနေကြသလို အချစ်ဟာ တစ်ကယ်ပဲ အရေးပါရဲ့လား ဆိုတာကိုတော့ ကျွန်မလည်း ခုချိန်ထိ သေသေချာချာ မသိသေးတာကတော့ ၀န်ခံရပါလိမ့်မယ်ရှင်။ အချစ်ရဲ့ အရေးပါမှုနဲ့ အခြားလူမှုဝန်းကျင်မှာ ဆက်စပ်နေတဲ့ အရာတွေကို တွေးကြည့်ချင်ပါသေးတယ်။

အချစ်ဆိုတာ အရေးပါတယ်လို့ ပြောကြပေမယ့် တစ်ခါတစ်လေကျပြန်တော့လည်း လူအဖွဲ့အစည်းမှာ အချစ်ကို ထည့်စဉ်းစားဖို့ မလိုအပ်တာတွေ အများကြီး ရှိနေပါတယ်။ လူမှုကိစ္စတွေလောက် အချစ်ဟာ အရေးမပါတာမျိုးလည်း ရှိနေတတ်ပါသေးတယ်။ ဒါဆိုရင် အချစ်ဟာ ပညာရေး ၊ တရားရေး ၊ ဘာသာရေး စတဲ့ ကိစ္စတွေနဲ့ကော ဘယ်လောက်များ ဆက်စပ်မှု ရှိနေပါသလဲ? Read the rest of this entry »

Miss People 2009 (Mandalay)

Posted by: cuttiepinkgold on: October 16, 2009

Miss People 2009 (Mandalay) ပွဲကြီးကို 2009 ခုနှစ် ၊ အောက်တိုဘာလ (4) ရက်နေ့က Sedona Hotel (MandalaY) ရေကူးကန်ဘေးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကြီးကို ကြိုတင်စီစဉ်ထားတဲ့အတိုင်း နေ့လည် (၁) နာရီမှာ ဈေးရောင်းပွဲတော်နဲ့ စတင်ခဲ့ပါတယ်။ ညနေ (၅) နာရီမှာတော့ စတိတ်ရှိုး အစီအစဉ်ကို စတင်ခဲ့ပြီး နာမည်ကြီး အဆိုတော်များလည်းဖြစ်၊ လက်ရှိမှာ ပေါက်နေတဲ့ သီချင်းတွေရဲ့ အဆိုရှင်များလည်း ဖြစ်ကြတဲ့ ဖော်ကာ (Wanted) ၊ ဂျီလတ် ၊ The Last ၊ အနဂ္ဂ ၊ Cobra ၊ သံသာဝင်း ၊ ဂျင်းနီ ၊ Princess အဖွဲ့  တို့က မေတ္တာဖြင့် သီဆို ဖျော်ဖြေ ခဲ့ကြပါတယ်။

ညနေ (၇) နာရီမှာတော့ Miss People ပြိုင်ပွဲကို စတင် ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ အကဲဖြတ်ဒိုင်များအဖြစ် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြတဲ့ အကယ်ဒမီ လူမင်း ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် ၊ မယ်လိုဒီ တို့နဲ့အတူ မန္တလေးမြို့မှ မြို့မိ ၊ မြို့ဖများက ဆောင်ရွက် ပေးခဲ့ကြပါတယ်။ မန္တလေးက ပြိုင်ပွဲဝင်လေးတွေဟာ အလွန်စတိုင်လ်မိုက်ကြတဲ့အတွက် Miss People ဆုကို ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ရပါတယ်။ Miss People ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်တဲ့သူ စုစုပေါင်း ၄၃ ဦးရှိခဲ့ပြီး People Magazine မှ Miss People, 1st Runner Up, 2nd Runner Up , Best Style ဆုများအပြင် ပရိတ်သတ်များက ရွေးချယ်ပေးတဲ့ People’s Choice ဆုကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

Read More

P for Pink Gold

Posted by: cuttiepinkgold on: October 9, 2009

Rules:
It’s harder than it looks! Copy to your own note, erase my answers, enter yours, and tag as many friends as you wish. Use the first letter of your name to answer each of the following questions. If the person before you had the same first initial, you must use different answers. You cannot use any word twice and you can’t use your name for the boy/girl name question.

1. What is your name: Pink Gold
2. A four Letter Word: Peak
3. A boy’s Name: Pitt
4. A girl’s Name: Pinky
5. An occupation: Professional Marketing
6. A colour : Purple
7. Something you’ll wear: Panty
8. A food: Prawn
9. Something found in the bathroom: Ponytail
10. A place: Paris
11. A reason for being late: Path Unclearness
12. Something you’d shout: Pa Lote Tote Gyi
13. A movie title: Pretty Woman
14. Something you drink: Pine Apple Juice
15. A musical group: Princess
16. An animal: Polar Bear
17. A street name: Pansodan
18. A type of car: Parado
19. The title of a song: Papercut- Linkin Park
20. A verb: Peep

Snapshot_20091008_3 copy

Back in Yangon

Posted by: cuttiepinkgold on: October 6, 2009

Miss People 2009 Mandalay ပွဲကိုလုပ်ဖို့ အတွက် မန္တလေးကို တစ်ပတ်လောက် သွားရောက်နေထိုင်းပြီး ဒီနေ့ မနက်ပဲ ရန်ကုန်ကို ပြန်ရောက်လာပါတယ်။ မန္တလေးကတော့ အရင်လို့ ပူတုန်းပါပဲ။ အရင်လို လွတ်လပ်မှုတွေ ရှိတုန်းပါပဲ။ ပွဲမတိုင်ခင် တစ်ရက်မှာ YUFC နဲ့ ရတနာပုံ အသင်းနှစ်သင်းရဲ့ ပွဲကြီး ပွဲကောင်းကိုလည်း ကြားရပါသေးတယ်။ မန္တလေးမှာ နေခဲ့တဲ့ တစ်ပတ်လုံး အလုပ်တွေ အလွန်များခဲ့သလို ပွဲနေ့ကလည်း အဆင်မပြေမှုတွေ အများကြီးရှိခဲ့ပါတယ်။

အခုတော့ အရမ်းကို ပင်ပန်းနေပါတယ်။ ပိုစ့်သစ်တွေ ရေးနိုင်ဖို့ အားယူနေပါတယ်။

Myanmar Orphans Support Network (MOSN)

Posted by: cuttiepinkgold on: September 20, 2009

ACF4C52MOSN ရဲ့ အကြောင်းကို တစ်ချို့လည်း ကြားဖူးပြီးသား ဖြစ်မယ်ထင်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ဒီအဖွဲ့လေးရဲ့ အကြောင်းတွေ၊ လှုပ်ရှားမှုတွေက များမကြာသေးခင်ကစလို့ ပျံ့နှံ့နေခဲ့ပါတယ်။ မိဘမဲ့ကလေးတွေကို ထောက်ပံ့ဖို့အတွက် စေတနာရှင် လူငယ်တစ်စုက စတင်တည်ထောင်ခဲ့တဲ့ ဒီအဖွဲ့လေးဟာ အခုအချိန်မှာလည်း ခြေလှမ်း တစ်လှမ်းပြီး တစ်လှမ်း လှမ်းလို့ ရည်မှန်းချက် ပန်းတိုင်ဆီကို အရောက်လှမ်းနေတာ ဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ဒီအဖွဲ့လေးရဲ့ အမှုဆောင်တစ်ယောက် ဖြစ်နေတာကြောင့် ကျွန်မတို့တွေ ဘာတွေလုပ်နေလဲ၊ ရှေ့ဆက်ဘာတွေ ဆက်လုပ်အုံးမှာလည်းဆိုတာ အားလုံးသိအောင် ထပ်မံမိတ်ဆက်ပေးချင်ပါတယ်။

ကျွန်မတို့ရဲ့ ပထမဦးဆုံး အသင်းတည်ထောင်တဲ့ လှုပ်ရှားမှုအနေနဲ့ 2009 ခုနှစ် ဇူလိုင်လ (26) ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်မှာရှိတဲ့ မြသိင်္ဂီ သီလရှင်စာသင်တိုက်မှာ စာရေးကီရီယာတွေ၊ ကျောင်းသုံးစာအုပ်တွေ၊ ကျောင်းဖတ်စာအုပ်တွေနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းနဲ့ လှုပ်ရှားမှုလေးနဲ့ စတင်ခဲ့ပါတယ်။ ဆက်ပြီးတော့လည်း အဲ့ဒီ သီလရှင်စာသင်တိုက်မှာ ပညာသင်ကြားနေကြတဲ့ မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေအတွက် စာကြည့်တိုက်လေးတစ်ခု တည်ထောင်ပေးမယ်ဆိုတာလေးကို တိုင်ပင်ခဲ့ကြပါတယ်။ ဒီစာကြည့်တိုက်လေး ဖြစ်မြောက်ဖို့အတွက် ရံပုံငွေရှာဖွေတဲ့ လှုပ်ရှားမှုလေး တစ်ခုအနေနဲ့ ကလေးတို့ရဲ့ ပန်းချီပြပွဲဆိုတာလေးကို လုပ်ဖြစ်ခဲ့ပါတယ်။

ရန်ကုန်မှာသာမက တစ်နိုင်ငံလုံးမှာရှိတကြတဲ့ အသက်ဆယ်နှစ်အောက် မည်သည့်ကလေးမဆို “ကျွန်ုပ်တို့၏ကျောင်း ၊ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်” ဆိုတဲ့ ခေါင်းစဉ်လေး နှစ်ခုနဲ့ ပန်းချီပြိုင်ပွဲလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကျောင်းအသီးသီးက ပြိုင်ပွဲဝင် ပန်းချီကားပေါင်း 700 ကျော်လက်ခံ ရရှိခဲ့ပြီး ပန်းချီပြပွဲလေးကိုတော့ 2009 ခုနှစ် စက်တင်ဘာလ (13) ရက်နေ့မှာ၊ သမ္မတဟိုတယ်မှာရှိတဲ့ Myanmar Egress Ballroom မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အဲ့ဒီပန်းချီပြပွဲလေးမှာ Child Care Seminar တစ်ခုကိုလည်း ထည့်သွင်းပြုလုပ်ပေးခဲ့ပြီး ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်လင်းနဲ့ ကာတွန်းအော်ပီကျယ်တို့က ဟောပြောပေးခဲ့ပါတယ်။ ပန်းချီပြပွဲကို တက်ရောက်လာကြတဲ့ အလှူရှင်များထံမှ အလှူငွေစုစုပေါင်း ကိုးသိန်းကျော်ကိုလည်း လက်ခံရရှိခဲ့ပါတယ်။

DSC09933

IMG_0722

DSC09991

မြသိင်္ဂီ သီလရှင်စာသင်တိုက်မှာ စာကြည့်တိုက်ကလေး ဖြစ်မြောက်ဖို့အတွက် စတင်လှုပ်ရှားခဲ့တဲ့ MOSN Art Exhibition လေးဟာ အတော်အသင့် အောင်မြင်ခဲ့ပါတယ်။ သို့သော်လည်း စာကြည့်တိုက် တည်ထောင်ဖို့အတွက် အလှူငွေတွေ လိုအပ်နေပါသေးတယ်။ ဒါကြောင့် စေတနာရှင်များအနေနဲ့ အလှူငွေများ ဆက်လက်ထည့်ဝင်နိုင်ပါသေးတယ်။ MOSN အကြောင်းကို www.myanmar-osn.org မှာလည်း ပြည့်ပြည့်စုံစုံ ဖတ်ရှုနိုင်ပါတယ်။ အခြားစိတ်ဝင်တစား မေးမြန်းမှုတွေကိုလည်း ကြိုဆိုပါတယ်။ အဖွဲ့လေးကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ members@myanmar-osn.org ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

9225_132360589699_529154699_2369947_75726_n

9225_132364259699_529154699_2369981_3297266_n

9225_132364264699_529154699_2369982_517043_n

ကျွန်မတို့အဖွဲ့ဟာ ယုံကြည်မှုအပြည့် သဒ္ဒါတရားအပြည့်နဲ့ မိဘမဲ့ကလေးများကို ထောက်ပံ့နေအုံးမှာပါ။ မိဘမဲ့ကလေးတွေ ရှိကြတဲ့ နေရာတွေကိုလည်း စူးစမ်းရှာဖွေ နေအုံးမှာပါ။ လှုပ်ရှားမှုတွေကိုလည်း အဆက်မပြတ် ပြုလုပ်နေအုံးမှာပါ။ ကျွန်မတို့ အဖွဲ့လေးကို တတ်နိုင်သလောက် အဘက်ဘက်က ၀င်ရောက်ကူညီပေးနိုင်ကြပါတယ် ဆိုတဲ့အကြောင်းကိုလည်း ထပ်မံပြောချင်ပါတယ်ရှင်။

Current Status

My Photo


Welcome to My Blog!

Blogspot ကို ကျော်ရတဲ့ အခက်အခဲတွေကြောင့် Wrodpress သို့ ပြောင်းလာပါတယ်။ အရင်အတိုင်းပဲ အားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ WP ကို လေ့လာတုန်းမို့ အဆင်မပြေတာများကိုလည်း သည်းခံကြပါ။

Miss People Style Competition


People Online


Planet Myanmar


My Suboo


Hit Count

Pages

 

November 2009
M T W T F S S
« Oct    
 1
2345678
9101112131415
16171819202122
23242526272829
30